ကျွမ်းကျင်လုပ်သားစနစ်နှင့်စပ်လျဉ်း၍
- 日本語
- English
- Filipino
- ភាសាខ្មែរ
- नेपाली
- မြန်မာဘာသာစကား
- Монгол хэл
- Bahasa Indonesia
- Tiếng Việt
- ภาษาไทย
- 简体中文
- বাাংলা
- O`zbek
- اردو
- हिंदी
- Bahasa Melayu
- ພາສາລາວ
- Кыргыз тили
ကျွမ်းကျင်လုပ်သားစနစ်နှင့်စပ်လျဉ်း၍
ဗီဇာ နှင့် နေထိုင်ခွင့်အမျိုးအစား
ဂျပန်နိုင်ငံသို့ ဝင်ရောက်လိုသောနိုင်ငံခြားသားများသည် အခြေခံစည်းမျဉ်းအရ နိုင်ငံခြားတွင်ရှိသောဂျပန်နိုင်ငံသံရုံး (နိုင်ငံခြားရေးဝန်ကြီးဌာန၏အဖွဲ့အစည်း) က ထုတ်ပေးသည့် “ဗီဇာ” ကို ရယူရန်လိုအပ်သော်လည်း ဗီဇာရှိပါက ဂျပန်နိုင်ငံသို့ သေချာပေါက် ဝင်ရောက်နိုင်ခြင်းမျိုးမဟုတ်ဘဲ ဂျပန်နိုင်ငံသို့ ရောက်ရှိသည့်အခါ လေဆိပ်စသည်တို့တွင် တရားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရို၏ လိုအပ်သောစစ်ဆေးမှုကို ခံယူ၍ ဂျပန်နိုင်ငံတွင် လုပ်ကိုင်လိုသည့် အမျိုးအစားနှင့်ကိုက်ညီသော “နေထိုင်ခွင့်အမျိုးအစား” ကို ရယူရန်လိုအပ်ပါသည်။ ဤကဲ့သို့ “ဗီဇာ” နှင့် “နေထိုင်ခွင့်အမျိုးအစား”တို့သည် သီးခြားအဖွဲ့အစည်းအသီးသီးက ကိုင်တွယ်သော သီးခြားလုပ်ဆောင်မှုအဆင့်ဆင့်ဖြစ်ပါသည်။ ဤစာမျက်နှာတွင် မိတ်ဆက်ထားသော SSW သည် အသစ်ဖန်တီးထားသော “နေထိုင်ခွင့်အမျိုးအစား” တစ်မျိုး ဖြစ်ပါသည်။ SSW ၏ နေထိုင်ခွင့်အမျိုးအစားတွင် "ကျွမ်းကျင်အလုပ်သမား (၁) နှင့် (၂) ဟူ၍ နှစ်မျိုးရှိပါသည်။
SSW ၏ ထူးခြားချက်
SSW အဖြစ် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သူများမှာ ကျန်းမာရေးကောင်းမွန်သော အသက် ၁၈နှစ်အထက်ရှိသူများဖြစ်ပြီး သဖြင့် လေ့ကျင့်သင်ကြားမှုမခံယူဘဲ ချက်ချင်းအလုပ်ဝင်နိုင်သည့်လုပ်သားအင်အားအဖြစ် အလုပ်လုပ်ကိုင်ရန်အတွက် လိုအပ်သောကျွမ်းကျင်မှုကိုတတ်မြောက်ထားရန် လိုအပ်ပါသည်။
ထပ်မံ၍ လုပ်ငန်းခွင်တွင်လက်တွေ့လေ့ကျင့်မှုမှတစ်ဆင့် ဂျပန်နိုင်ငံတွင် နည်းပညာအမျိုးမျိုးကိုသင်ယူ၍ မိမိနိုင်ငံပြန်ပြီးနောက် ထိုနည်းပညာကို မိခင်နိုင်ငံတွင် ပြန့်သွားစေရန်ဆိုသည့်နိုင်ငံတကာအကျိုးပြုမှုကို ရည်မှန်းချက်အဖြစ်ထားရှိသော “နည်းပညာဆိုင်ရာ အလုပ်သင် သင်တန်းသား (Technical Intern Training)” ဆိုသည့် အခြားသောစနစ်ရှိပြီး အဆိုပါစနစ်အောက်တွင် သတ်မှတ်ထားသောလေ့ကျင့်မှု (Training) ကို အောင်မြင်ပြီးဆုံးထားသူများသည် ကျွမ်းကျင်မှုနှင့်ဂျပန်ဘာသာစွမ်းရည်စစ်စာမေးပွဲကို မဖြေဆိုဘဲ တူညီသောနယ်ပယ်တွင် SSW(i)အဖြစ် နေထိုင်ခွင့်အမျိုးအစားကို ပြောင်းလဲခြင်းဆိုသည့်လမ်းကြောင်းကို ဖွင့်ထားပါသည်။ SSW (i) နှင့် (ii) ကြား ကွာခြားချက်ကို အောက်ပါပုံတွင် ကြည့်ပါ။
ကျွမ်းကျင်အလုပ်သမား
SSW (i): သတ်မှတ်ထားသောလုပ်ငန်းနယ်ပယ်၌ အကျုံးဝင်သည့်အသိပညာ သို့မဟုတ် အတွေ့အကြုံတို့ အတန်အသင့်ရှိထားရန်လိုအပ်သည့်လုပ်ငန်း၌ တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသားများကို ရည်ရွယ်သော နေထိုင်ခွင့် အမျိုးအစား
SSW (ⅱ): သတ်မှတ်ထားသော လုပ်ငန်းနယ်ပယ်၌ အကျုံးဝင်သည့် အတွေ့အကြုံကြွယ်ဝသောကျွမ်းကျင်မှုမျိုး လိုအပ်သော လုပ်ငန်း၌ တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသားများအတွက် ရည်ရွယ်သော နေထိုင်ခွင့်အမျိုးအစားဖြစ်သည်။
နေထိုင်ခွင့်ကာလ | SSW (i):စုစုပေါင်း 5 နှစ် SSW (ⅱ):ကန့်သတ်ချက်မရှိ သက်တမ်းတိုးခွင့်ရှိသည် |
---|---|
အလုပ်ကျွမ်းကျင်မှုစံနှုန်း | SSW (i):စာမေးပွဲများဖြင့်စစ်ဆေးအတည်ပြုခြင်း (နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်း (၂)ကို အောင်မြင်ပြီးဆုံးထားသောနိုင်ငံခြားသားများ ကင်းလွတ်သည်) SSW (ⅱ):စာမေးပွဲများဖြင့်စစ်ဆေးအတည်ပြုခြင်း |
ဂျပန်ဘာသာအရည်အချင်းစံနှုန်း | SSW (i):စားဝတ်နေရေးနှင့် လုပ်ငန်းစသည်တို့အတွက် လိုအပ်သော ဂျပန်ဘာသာအရည်အချင်း ကို စာမေးပွဲများဖြင့် စစ်ဆေးအတည်ပြုခြင်း (နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်း (၂)ကို အောင်မြင်ပြီးဆုံးထားသောနိုင်ငံခြားသားများ ကင်းလွတ်သည်) SSW (ⅱ):စာမေးပွဲများဖြင့် စစ်ဆေးအတည်ပြုရန် မလိုအပ်ပါ။ |
မိသားစုအတူခေါ်ဆောင်ခြင်း | SSW (i): အခြေခံအားဖြင့် လက်မခံ SSW (ⅱ): သတ်မှတ်ချက်များပြည့်မီပါက ဖြစ်နိုင်သည်(အိမ်ထောင်ဖက်၊ သားသမီး) |
SSW (i) အလုပ်ခန့်အပ်သည့်အဖွဲ့အစည်း သို့မဟုတ် လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်းများကပေးအပ်မည့်အထောက်အပံ့ဆိုင်ရာကိစ္စရပ်များ
SSWအဖြစ်အလုပ်လုပ်ကိုင်နိုင်သောအလုပ်များ
SSWအဖြစ်လုပ်ကိုင်နိုင်သောအလုပ်နယ်ပယ်အဖြစ် စက်မှုလုပ်ငန်းနယ်ပယ် ၁၂ မျိုးအတွက် အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
“သူနာပြု စောင့်ရှောက်မှုလုပ်ငန်း”၊ “မော်တော်ကား သယ်ယူပို့ဆောင်ရေးလုပ်ငန်း”၊ “မီးရထားလုပ်ငန်း”၊ “သစ်တောလုပ်ငန်း” နှင့် “သစ်လုပ်ငန်း” နယ်ပယ်တွင် SSW (i) ကိုသာ ရရှိနိုင်သည်ကို သတိပြုပါ။
ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအောက်တွင်ရှိခြင်း
သူနာပြုစောင့်ရှောက်မှုလုပ်ငန်းသူနာပြုစောင့်ရှောက်မှု (အစောင့်ရှောက်ခံသူ၏ကိုယ်စိတ်အခြေအနေနှင့်ကိုက်ညီသော ရေချိုးပေးခြင်း၊ အစားအစာကျွေးမွေးခြင်း၊ အညစ်အကြေးစွန့်ရာတွင် ပြုစုခြင်းများ) စသည်တို့အပြင် ဤအရာများနှင့်အတူလုပ်ဆောင်ရန်ဖြစ်သော ပံ့ပိုးကူညီမှုလုပ်ငန်း (ပြန်လည်သန်စွမ်းရန်လေ့ကျင့်မှုလုပ်ဆောင်ခြင်း၊ လုပ်ဆောင်မှုလေ့ကျင့်ခန်းများ ကူညီဆောင်ရွက်ခြင်း စသဖြင့်)
(မှတ်ချက်)အိမ်တိုင်ရာရောက်ပြုစုခြင်းဝန်ဆောင်မှုမပါဝင်ပါအဆောက်အအုံသန့်ရှင်းရေးလုပ်ငန်းအဆောက်အအုံအတွင်းပိုင်းသန့်ရှင်းရေး
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအောက်တွင်ရှိခြင်း
စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်း ・စက်နှင့်သတ္တုလုပ်ငန်း
・လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများ တပ်ဆင်ခြင်း
・သတ္တုမျက်နှာပြင်ပြုပြင်မှု
・ကတ်ထူပုံးနှင့် ခေါက်ရာပေးထားသော ကတ်ပြားပုံး ပြုလုပ်ခြင်း
・Precast ကွန်ကရစ်ထုတ်လုပ်မှု
・ပြန်သုံးရန် ခက်ခဲသော စက္ကူနှင့် ပလတ်စတစ်မှ ပြုလုပ်သည့် လောင်စာ ထုတ်လုပ်ခြင်း
・ပန်းကန်ခွက်ယောက်နှင့် အဆင်တန်ဆာ အိုးခွက်များ ထုတ်လုပ်ခြင်း
・ပုံနှိပ်/စာအုပ်ချုပ်ခြင်း
・အထည်အလိပ်များ ထုတ်လုပ်ခြင်း
・စက်ချုပ်ခြင်း
မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနအောက်တွင်ရှိခြင်း
ဆောက်လုပ်ရေးလုပ်ငန်း ・မြို့ပြအင်ဂျင်နီယာ
・အဆောက်အဦ
・အခြေခံအဆောက်အဦနှင့် စက်ကိရိယာများသင်္ဘောဆောက်လုပ်ခြင်းနှင့်သင်္ဘောစက်ရုံလုပ်ငန်း ・သင်္ဘောတည်ဆောက်ရေး
・သင်္ဘောစက်
・သင်္ဘောဆိုင်ရာ လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း မော်တော်ကား နေ့စဉ်ပြုပြင်ထိန်းသိမ်းခြင်း၊ ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း၊ လက်မှတ်ရ ပြုပြင်ထိန်းသိမ်းခြင်း၊ လက်မှတ်ရ ပြုပြင်ထိန်းသိမ်းခြင်းရှိ အခြေခံအလုပ်တာဝန်များ
လေကြောင်းလုပ်ငန်းလေဆိပ်မြေပြင်ပိုင်းဆိုင်ရာလုပ်ငန်း (လေယာဉ်၏ မြေပြင်မောင်းနှင်မှုကိုကူညီခြင်း၊ ခရီးဆောင်အိတ်များနှင့် ကုန်တင်ကုန်ချလုပ်ငန်းများ)၊ လေယာဉ်ပြုပြင်ထိန်းသိမ်းမှု (လေယာဉ်နှင့် ပစ္စည်းကိရိယာ ပြုပြင်ထိန်းသိမ်းခြင်း စသည်ဖြင့်)
ဟိုတယ်လုပ်ငန်းဧည့်ကြိုကောင်တာ၊ စီစဉ်ခြင်းနှင့် ပြည်သူ့ဆက်ဆံရေး၊ ဧည့်သည်ကိုဝန်ဆောင်မှုပေးခြင်း၊ စားသောက်ဆိုင်ဝန်ဆောင်မှုများ၏ နေရာထိုင်ခင်းဝန်ဆောင်မှုများပေးခြင်း
-
မော်တော်ကား သယ်ယူပို့ဆောင်ရေးလုပ်ငန်း・ကုန်တင် ထရပ်ကား ယာဉ်မောင်းများ
・တက္ကစီ ယာဉ်မောင်းများ
・ဘတ်စ်ကား ယာဉ်မောင်းများ -
မီးရထားလုပ်ငန်း・ရထားသံလမ်း ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း
・လျှပ်စစ်ပစ္စည်းများ ဆောက်လုပ်တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း
・ရထားစက်ခေါင်းနှင့် တွဲအမျိုးမျိုး ထိန်းသိမ်းခြင်းနှင့် အလုံးစုံ စစ်ဆေးပြုပြင်ခြင်း
・ရထားစက်ခေါင်းနှင့် တွဲအမျိုးမျိုး ထုတ်လုပ်ခြင်း
・ရထားလည်ပတ်မှုလုပ်ငန်းများ (ရထား/ကား လည်ပတ်မှုတွင် တိုက်ရိုက်ပါဝင်နေသော ယာဉ်မောင်းများ၊ ရထားတွဲစောင့်များနှင့် အလုပ်သမားများ)
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအောက်တွင်ရှိခြင်း
စိုက်ပျိုးရေးလုပ်ငန်းအထွေထွေသီးနှံစိုက်ပျိုးရေး (စိုက်ပျိုးရေးစီမံခန့်ခွဲခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ စုစည်းခြင်း/သယ်ယူပို့ဆောင်ခြင်း/အမျိုးအစားခွဲခြင်း စသည်ဖြင့်)၊ အထွေထွေမွေးမြူရေးလုပ်ငန်း (သားဖောက်ခြင်း၊ မွေးမြူရေးထုတ်ကုန်များ စုစည်းခြင်း/သယ်ယူပို့ဆောင်ခြင်း/အမျိုးအစားခွဲခြင်း စသည်ဖြင့်)
ရေလုပ်ငန်းငါးလုပ်ငန်း (ငါးဖမ်းကိရိယာ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်း၊ ရေနေသတ္တဝါများနှင့် အပင်များကို ရှာဖွေခြင်း၊ ငါးဖမ်းကိရိယာနှင့် စက်များကို မောင်းနှင်ခြင်း၊ ရေနေသတ္တဝါများနှင့် အပင်များကို ဖမ်းဆီး/သိမ်းဆည်းခြင်း၊ ဖမ်းဆီးရရှိသောငါးများကိုင်တွယ်၊သိမ်းဆည်းခြင်း၊ ကျန်းမာရေးနှင့် လုံခြုံမှုကို သေချာစေခြင်း စသည်ဖြင့်) ငါးမွေးမြူရေးလုပ်ငန်း (ငါးမွေးမြူရေးပစ္စည်းများထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့်စီမံခန့်ခွဲခြင်း၊ မွေးမြူရေးစီမံခန့်ခွဲမှု၊ ရိတ်သိမ်းခြင်း(ဖမ်းဆီးခြင်း)နှင့် မွေးမြူထားသော ရေနေသတ္တဝါများနှင့် အပင်များကိုထုတ်လုပ်ခြင်း၊ ကျန်းမာရေးနှင့် လုံခြုံမှုကို သေချာစေခြင်း စသည်ဖြင့်)
စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းစားသောက်ကုန်များထုတ်လုပ်ခြင်း (အစားအစာနှင့် အဖျော်ယမကာ(အရက်မပါ) လုပ်ဆောင်ခြင်း/ထုတ်လုပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များထုတ်လုပ်ခြင်း)
အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းအထွေအထွေစားသောက်ဆိုင်လုပ်ငန်း (စားသောက်ကုန်ထုတ်လုပ်ခြင်း၊ ဧည့်သည်ကိုဝန်ဆောင်မှုပေးခြင်း၊ ဆိုင်စီမံခန့်ခွဲမှု)
-
သစ်တောလုပ်ငန်းသစ်တောပြုပြင်ထိန်းသိမ်းခြင်း၊ သစ်လုံးထုတ်လုပ်ခြင်း၊ စသည်
-
သစ်လုပ်ငန်းလွှစက်လုပ်ငန်းနှင့် အထပ်သားလုပ်ငန်း စသည်တို့တွင် သစ်ထုတ်လုပ်ခြင်း စသည်
ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသည့်စီနီယာများကိုမိတ်ဆက်ပေးခြင်း
အောက်ပါဗီဒီယိုများသည် ၂၀၂၂ ခုနှစ် မတ်လအထိ ဖန်တီးပြုလုပ်ခဲ့သော ရုပ်သံဗီဒီယိုများဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် “စက်အစိတ်အပိုင်းများနှင့် ကိရိယာတန်ဆာပလာလုပ်ငန်းများ” ကို “စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်း” သို့ ပြောင်းလဲခဲ့သည်။