ဂျပန်ဗီဇာလျှောက်ထားရေး စင်တာဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍
2025/11/19
ဗီဇာလျှောက်ထားသူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုနှင့် အဆင်ပြေချောမွေ့မှုကို မြှင့်တင်ရန်အတွက် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ (Japan Visa Application Centre : JVAC)ကို ဖွင့်လှစ်၍ ဗီဇာလျှောက်ထားမှု လက်ခံခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။
ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကို VFS Service Myanmar ရုံးခွဲသို့ လုပ်ငန်းလွှဲအပ်၍ ဒီဇင်ဘာလ ၁၁ ရက်နေ့ (ကြာသပတေးနေ့) မှစတင်ပြီး အောက်ပါအတိုင်း လုပ်ငန်းစဥ်များကို ဆောင်ရွက်မည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ဤနေရာ (https://visa.vfsglobal.com/mmr/en/jpn) တွင် ကြည့်ရှုစုံစမ်းနိုင်ပါသည်။
【ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ၏ လက်ခံကောင်တာ ဖွင့်ချိန်၊ လိပ်စာ၊ ဆက်သွယ်ရန်】
အလုပ်ချိန် :တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၇:၃၀ နာရီ
လျှောက်လွှာလက်ခံခြင်း :တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၂:၃၀ နာရီ၊
ညနေ ၁၃:၃၀ မှ ညနေ ၁၆:၀၀ နာရီ
ဗီဇာထုတ်ပေးခြင်း :တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၉:၀၀ မှ ညနေ ၁၇:၀၀ နာရီ
(စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များနှင့် ဂျပန်သံရုံးပိတ်ရက်များတွင် စင်တာပိတ်ပါမည်)
လိပ်စာနှင့် ဆက်သွယ်ရန် :
လိပ်စာ : https://visa.vfsglobal.com/mmr/my/jpn/attend-centre/kantharyar
ဆက်သွယ်ရန် : https://visa.vfsglobal.com/mmr/en/jpn/contact-us
လျှောက်ထားပုံနည်းလမ်းအသေးစိတ်နှင့် ပတ်သက်၍ : https://visa.vfsglobal.com/mmr/my/jpn/book-an-appointment
ဗီဇာလျှောက်ထားရေးစင်တာ၏အကူအညီရယူရန် : info.jpmy@vfshelpline.com
မှတ်ချက် :
(၁) ဗီဇာလျှောက်ထားရေးစင်တာတွင် ဗီဇာလျှောက်ထားသည့်အခါ သံရုံးတွင်ပေးဆောင်ရမည့် ဗီဇာကြေးနှင့် ၎င်းစင်တာအသုံးပြုရန်ဝန်ဆောင်ခ ကျသင့်ပါမည်။ (အသေးစိတ်ကို VFS ဝက်ဆိုဒ် https://visa.vfsglobal.com/one-pager/japan/myanmar/english/index.html တွင်ကြည့်ရှုပါ)။
(၂) ဗီဇာကြေးနှင့် စင်တာအသုံးပြုဝန်ဆောင်ခကို ဗီဇာလျှောက်ထားချိန်တွင် ပေးချေရပါမည်။
【အသိပေးချက်】
၁) ယခုလက်ရှိဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၌ ဗီဇာလျှောက်ထားမှု လက်ခံဆောင်ရွက်ခြင်းသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြီးဆုံးမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ (ကြာသပတေးနေ့) မှစတင်၍ အထက်ဖော်ပြပါ ဂျပန်ဗီဇာလျှောက်ထားရေးစင်တာတွင် လျှောက်ထားမှုများကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သတိပြုနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (သို့ရာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ မတိုင်မီလျှောက်ထားပါက နိုင်ငံကူးလက်မှတ်စာအုပ်များကို ဂျပန်သံရုံး ဗီဇာကောင်တာတွင် ပြန်လည်ထုတ်ယူရမည် ဖြစ်ပါသည်)။
၂) သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကိစ္စရပ်များစသည်တို့နှင့် ပတ်သက်၍ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
■မေးမြန်းစုံစမ်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာန
တယ်လီဖုန်း : ၉၅-၁-၅၄၉၆၄၄ မှ ၅၄၉၆၄၈
အီးမေးလ် : ryoji@yn.mofa.go.jp

- ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ ဗီဇာလျှောက်ထားရန်အတွက် ကြိုတင်ရက်ချိန်းယူရမည့်ဝက်ဆိုဒ်ကို ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) တွင် စတင်ဖွင့်လှစ်ထားပါသည်။ လျှောက်ထားရန်နည်းလမ်း အသေးစိတ်ကို VFS Service Myanmar ဝက်ဆိုဒ် (အထက်ပါ Link) တွင် ကြည့်ရှုနိုင်ပါသည်။
- သို့ရာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မတိုင်မီဗီဇာလျှောက်ထားလိုပါက ကြိုတင်ရက်ချိန်းယူခြင်းများကို ယခင်အတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကြိုတင်ရက်ချိန်းယူရမည့်ဝက်ဆိုဒ် (https://www.mm.emb-japan.go.jp/itpr_en/onlinebooking_en.html) တွင် ဆက်လက်လက်ခံလျက်ရှိပါသည်။