အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲ / အာရှမသန်စွမ်းအားကစားပြိုင်ပွဲကာလအတွင်း အပင်နှင့်တိရစ္ဆာန်ဆိုင်ရာ ကန့်သတ်စစ်ဆေးရေး (Quarantine) တင်းကျပ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အသိပေးချက်
2026/9/30
အပင်များတွင်ကျရောက်တတ်သော ရောဂါနှင့် ပိုးမွှားများ၊ မွေးမြူရေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောကူးစက်ရောဂါများ ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန်အတွက် ဂျပန်နိုင်ငံတွင် ပြည်ပမှ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အသားနှင့် အသားထွက်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းကို တင်းကျပ်စွာ တားမြစ်ကန့်သတ်ထားပါသည်။
သယ်ဆောင်မှုကို တားမြစ်ပိတ်ပင်ထားခြင်းမရှိသည့် ကုန်စိမ်းများဖြစ်သော သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်၊ ကောက်ပဲသီးနှံ၊ ပဲမျိုးစုံစသည်တို့ကို ဂျပန်နိုင်ငံအတွင်း သယ်ဆောင်လာနိုင်ရန်အတွက်မူ ရောဂါပိုးမွှားကင်းရှင်းကြောင်းထောက်ခံချက် (Phytosanitary Certificate) ကို တင်ပြရန် လိုအပ်ပါသည်။
အသားနှင့် အသားထွက်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းကို လုံးဝ တားမြစ်ပိတ်ပင်ထားပါ သည်။ ၎င်းကုန်ပစ္စည်းများနှင့်ပတ်သက်၍မူ လေယာဉ်ပေါ်တွင်ကျွေးမွေးသော အစားအစာ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများစသည့် ပမာဏအနည်းငယ်ပင်ဖြစ်စေ ကင်းလွတ်ခွင့် မရှိပါ။
တရားမဝင် သယ်ဆောင်လာပါက ပြစ်ဒဏ် (အများဆုံး ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) အများဆုံး ငွေဒဏ် ယန်း ၃ သန်းအထိ (အဖွဲ့အစည်း/ကုမ္ပဏီများအတွက် ယန်း ၅၀ သန်းအထိ) ) ချမှတ်ခံရနိုင်သဖြင့် အထူးသတိပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို အောက်ပါ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန(သစ်ပင်ပန်းမန်ဆိုင်ရာရောဂါ စစ်ဆေးထိန်းချုပ်ရေးဌာန/ တိရစ္ဆာန်ဆိုင်ရာကူးစက်ရောဂါ စစ်ဆေးထိန်းချုပ်ရေးဌာန) ၏ ဝက်ဘ်ဆိုက်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
“သစ်ပင်ပန်းမန်ဆိုင်ရာရောဂါ စစ်ဆေးထိန်းချုပ်ရေးဌာန”
ဂျပန်နိုင်ငံသို့ လာရောက်မည့်ကြသူများသို့ မေတ္တာရပ်ခံခြင်း
https://www.maff.go.jp/pps/j/pqaqinfo_j.html
တိရစ္ဆာန်နှင့် အပင်ဆိုင်ရာ ကန့်သတ်စစ်ဆေးရေး အသိပေးချက်
https://www.maff.go.jp/pps/j/guidance/pqaqinfo/index.html
အမေးများသော မေးခွန်းများ (ပြည်ပမှ သယ်ဆောင်လာခြင်းနှင့်ပတ်သက်၍)
https://www.maff.go.jp/pps/j/trip/oversea/faq/index.html
ဗီဒီယို - “ဂျပန်နိုင်ငံ၏ သစ်ပင်ပန်းမန်ကန့်သတ်စစ်ဆေးရေးဆိုင်ရာ အသိပေးချက်” (ဘာသာစကားမျိုးစုံဖြင့် ကြည့်ရှုနိုင်ပါသည်)
https://www.maff.go.jp/pps/j/guidance/movie/index.html
“တိရိစ္ဆာန်ဆိုင်ရာရောဂါ စစ်ဆေးထိန်းချုပ်ရေးဌာန”
ဗီဒီယို - “နိုင်ငံရပ်ခြားရှိ မွေးမြူရေးတိရစ္ဆာန်များထံမှ ကူးစက်ရောဂါများကို ကာကွယ်ကြပါစို့” (ဘာသာစကားမျိုးစုံဖြင့် ကြည့်ရှုနိုင်ပါသည်)
https://www.maff.go.jp/j/syouan/yobou_movie.html
တင်သွင်းသည့် တိရစ္ဆာန်များ၏ ကန့်သတ်စစ်ဆေးရေးဆိုင်ရာ အမေးများသော မေးခွန်းများ (FAQ)
https://www.maff.go.jp/j/syouan/douei/katiku_yobo/FAQ.html