၂၀၂၆ ဘဏ္ဍာရေးနှစ် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ဂုဏ်ပြုအခမ်းအနား ကျင်းပခြင်း

2026/11/2
     အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (Japan Self-Defense Forces - JSDF) ကို ဂုဏ်ပြုသည့် အခမ်းအနားတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
     ဂျပန်သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo ၏ အမှာစကားတွင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့သည် (၇၂) နှစ်မြောက် တည်ထောင်ခြင်း အထိမ်းအမှတ်သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်းနှင့် စကားအပြောသက်သက်မျှ မဟုတ်ဘဲ လက်တွေ့ကျသော ဆောင်ရွက်ချက်များဖြင့် သက်သေပြနိုင်ခဲ့သည့်အတွက် ဂျပန်ပြည်သူများ၏ ယုံကြည်အားကိုးမှုကို အခိုင်အမာ ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ဖြစ်ပွားခဲ့သော ငလျင်ဘေးအန္တရာယ်အပြီး ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များနှင့် အသိပညာပေး ဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားခဲ့ပြီး၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးတို့အတွက် ဆက်လက်ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။
     အခမ်းအနား၌ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Mr. KOIZUMI Shinjiro ၏ ရုပ်သံသဝဏ်လွှာနှင့်အတူ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ စစ်တီးဝိုင်း၏ ဂျပန်-မြန်မာ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်း ဖျော်ဖြေမှု ရုပ်သံမှတ်တမ်းကို ပြသခဲ့ပါသည်။ ထို့ပြင် ဂျပန်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ ပြခန်းငယ်များ ခင်းကျင်းပြသခြင်း၊ ဂျပန်သံမတ်ကြီး အိမ်တော်စားဖိုမှူး Mr. KUSABA ၏ ဂျပန်ဟင်းလျာများစွာဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ  ဧည့်သည်တော် စုစုပေါင်း(၂၃၆) ဦး တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
 
《ကိုးကားချက်》 ပြခန်းငယ်များ ခင်းကျင်းပြသခဲ့သည့် ဂျပန်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ စာရင်း
・ASAHI LOIHEIN
・JCI (Junior Chamber International)
・Miyako Food Myanmar
・OJEIC (Okayama University Japan Educational Information Center)
・re:leaf
 
ဓာတ်ပုံ (၁):  ဂျပန်သံရုံး ယာယီတာဝန်ခံ Mr. YOSHITAKE Shogo ၏ အဖွင့်အမှာစကား ပြောကြားမှုမြင်ကွင်း
ဓာတ်ပုံ (၂):  ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Mr. KOIZUMI Shinjiro ၏ ရုပ်သံသဝဏ်လွှာမြင်ကွင်း
ဓာတ်ပုံ (၃):  ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ စစ်တီးဝိုင်း၏ ဂျပန်-မြန်မာ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်း ဖျော်ဖြေမှု ရုပ်သံမှတ်တမ်း မြင်ကွင်း
ဓာတ်ပုံ (၄):  မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ ပြခန်းငယ်များ ခင်းကျင်းပြသထားမှုမြင်ကွင်း
ဓာတ်ပုံ (၅):  ဂျပန်သံမတ်ကြီး အိမ်တော်စားဖိုမှူး Mr. KUSABA ၏ ဂျပန်ဟင်းလျာများ ခင်းကျင်းပြသထားမှုမြင်ကွင်း
ဓာတ်ပုံ (၆):  ဧည့်သည်တော်များဖြင့် စည်ကားလျက်ရှိသည့် အခမ်းအနားမြင်ကွင်း
 
 
ဓာတ်ပုံ (၁)                                                                           ဓာတ်ပုံ (၂)   

 
ဓာတ်ပုံ (၃)                                                                           ဓာတ်ပုံ (၄)   

 
ဓာတ်ပုံ (၅)                                                                           ဓာတ်ပုံ (၆)