၂၀၂၆ ခုနှစ်၊ သံရုံးအကြီးအကဲ၏ဂုဏ်ပြုဆု ချီးမြှင့်ခြင်း (JICA ၏ ကျွမ်းကျင်ပညာရှင်ဖြစ်သူ Mr. Masahiko Tanaka)
2026/6/25
၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သံရုံး ယာယီတာဝန်ခံ Mr. Yoshitake Shogo သည် JICA ၏ ကျွမ်းကျင်ပညာရှင်ဖြစ်သူ Mr. Tanaka Masahiko ထံသို့ သံရုံးအကြီးအကဲ၏ ဂုဏ်ပြုဆုကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်

(JICA ၏ ကျွမ်းကျင်ပညာရှင်ဖြစ်သူ Mr. Tanaka Masahiko (လက်ဝဲဘက်) က သံရုံးယာယီတာဝန်ခံ Mr. Yoshitake Shogo (လက်ယာဘက်) ထံမှ ဂုဏ်ပြုလွှာလက်ခံစဉ်)
Mr. Tanaka Masahiko သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှစတင်၍ JICA မြန်မာ ရုံးခွဲတွင် ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာ-ဂျပန်စင်တာ (Myanmar-Japan Center for Human Resource Development, MJC) ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် JICA ကျွမ်းကျင်ပညာရှင်ရာထူးဖြင့် MJC ၏ Chief Advisor တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းတာဝန်ကိုစတင်ထမ်းဆောင်သည့်အချိန်မှစ၍ အသေးစား နှင့်အလတ်စားကုမ္ပဏီလုပ်ငန်းလုပ်ကိုင်သူ မြန်မာလူမျိုးများအတွက် အဓိကဦးတည်၍ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများနှင့် ဂျပန်ကုမ္ပဏီများသို့လေ့လာရေးခရီးများစသည်တို့ကို စီစဉ်ဆောင်ရွက်ပေးကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဂျပန်-မြန်မာ နှစ်နိုင်ငံကုမ္ပဏီများအကြား ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရာတွင် အထောက်အကူပြုပံ့ပိုးပေးခဲ့ပါသည်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင် Mr. Yoshitake သည် Mr. Tanaka က ယခုလက်ရှိအချိန်အထိ ကြိုးပမ်းဆောင်ရွက်လာခဲ့သော ၎င်း၏ ထူးချွန်ပြောင်မြောက်သော လုပ်ဆောင်ချက်များကို ချီးကျူးဂုဏ်ပြုကြောင်းပြောကြားခဲ့သည့်အပြင် MJC နှင့် အခြား သောကြိုးပမ်းမှုများမှတစ်ဆင့် ဂျပန်-မြန်မာနှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် Mr. Tanaka ၏ ပံ့ပိုးကူညီခဲ့မှုများအပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းပြောကြားချက်များအပေါ် Mr. Tanaka အနေဖြင့်လည်း MJC ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ မိမိ၏ရည်မှန်းချက်စိတ်ဓာတ်နှင့် ယခုအချိန် လျှောက်လှမ်းလာခဲ့သော လမ်းစဉ်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ အစိုးရနှင့် MJC ၏ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။