JET အစီအစဉ်တွင် ပါဝင်သူများအတွက် နောက်ဆက်တွဲညှိနှိုင်းဆွေးနွေးမှုဆိုင်ရာအွန်လိုင်းအစည်းအဝေးကို ကျင်းပ ၂၀၂၆ ခုနှစ် သြဂုတ်လ ၃၀ ရက်
2026/9/15
၂၀၂၆ ခုနှစ် သြဂုတ်လ (၃၀) ရက်၊ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် JET (The Japan Exchange and Teaching Programme)အစီအစဉ်အရ မြန်မာနိုင်ငံမှ ဂျပန်ဒေသန္တရအစိုးရများသို့ သွားရောက်၍ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ (သို့) ယခင်က တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံတကာ ဆက်ဆံရေးညှိနှိုင်းရေးမှူး (CIR) များအတွက် နောက်ဆက်တွဲညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ အွန်လိုင်း အစည်းအဝေးကို ကျင်းပခဲ့ပါသည်။
ယင်းအစည်းအဝေး၌ JET အစီအစဉ်တွင် ယခင်ပါဝင်ဖူးသူများနှင့် လက်ရှိပါဝင်နေသူများ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများတင်ပြခြင်းနှင့် ပါဝင်သူများအချင်းချင်းအကြား ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေးအတွက် ထင်မြင်ချက်ဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရှေးဦးစွာ ဂျပန်သံရုံးယာယီတာဝန်ခံ Mr.Yoshitake က JET အစီအစဉ်မှတစ်ဆင့် ဂျပန်နှင့် မြန်မာနှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ကြောင်း စသည်ဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ JET အစီအစဉ်တွင် ယခင်နှင့်လက်ရှိပါဝင်သူ စုစုပေါင်း (၅) ဦးကလည်း မိမိတို့ တာဝန်ကျရာဒေသများ၌ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခဲ့ကြပါသည်။ ယခင်ပါဝင်သူအနေဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဟိုကိုင်းဒိုးပြည်နယ် Higashikawa မြို့တွင် တာဝန်ကျခဲ့သော Ma Chaw Thandar Htoo မှ ထိုစဉ်က လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်တင်ပြခဲ့ ပါသည်။ လက်ရှိပါဝင်သူများထဲမှ ဟိုကိုင်းဒိုးပြည်နယ် Higashikawa မြို့ရှိ Ma Nann Mo Mo Zin (၂၀၂၃ ခုနှစ်မှစတင်၍)၊ ကာဂိုရှိမပြည်နယ် Osaki မြို့ရှိ Ma Sandar Myint (၂၀၂၄ ခုနှစ်မှစတင်၍)၊ နှင့် ဟိုကိုင်းဒိုးပြည်နယ် Hamatonbetsu မြို့ရှိ Ko Ye Phone Khant Aung (၂၀၂၄ ခုနှစ်မှစတင်၍) တို့မှ မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အသီးသီးတင်ပြခဲ့ကြပါသည်။ ကာဂိုရှိမပြည်နယ် Kinko မြို့ရှိ Ma Ohnmar Myint (၂၀၂၅ ခုနှစ်မှစတင်၍) မှာမူ အစည်းအဝေးကျင်းပသည့်နေ့တွင် အွန်လိုင်းမှ တက်ရောက်ရန် အခက်အခဲရှိခဲ့သဖြင့် ကြိုတင်ပြင်ဆင်ထားသော ဗီဒီယိုစာတိုတစ်ခုကို ပြသခဲ့ပါသည်။
အစည်းအဝေးဒုတိယပိုင်းတွင် JET အစီအစဉ်တွင် ပါဝင်ဖူးသည့်အတွေ့အကြုံရှိသူများအကြား ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေးအတွက် ထင်မြင်ချက်ဖလှယ်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ အနာဂတ်ဆက်ဆံရေးပုံစံများနှင့် သတင်းအချက်အလက်မျှဝေကြမည့် နည်းလမ်းများအကြောင်းကို တက်ကြွစွာ ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးအနေဖြင့် JET အစီအစဉ်မှတစ်ဆင့် ဂျပန်နှင့် မြန်မာနှစ်နိုင်ငံအကြား လူမှုဆက်ဆံရေးကို ဆက်လက်ထောက်ပံ့ကူညီပြီး ပါဝင်သူများ၏ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်မှုကို ဆက်လက် အားပေးသွားမည် ဖြစ်ပါသည်။