arrp ဂျပန်ဘာသာသင်ဆရာများအတွေ့အကြုံဖလှယ်ရေးနှင့်လေ့လာမှုအစီအစဉ်
 

arrp ဂျပန်နှင့်မဲခေါင်ဒေသနိုင်ငံများချစ်ကြည်ရေးနှစ်အဖွင့်လှုပ်ရှားမှု Tsugaru Syamisen (Anmitsu) နှင့် မြန်မာ့စောင်းပညာရှင်တို့၏ဖျော်ဖြေပွဲ

 

arrp ဂီတမိတ်တေးဂီတစင်တာမှတင်ဆက်သောဂျပန်မြန်မာတေးဂီတမိတ်ဆက် ဖျော်ဖြေပွဲ


 

ဂျပန်ဘာသာသင်ဆရာများအတွေ့အကြုံဖလှယ်ရေးနှင့်လေ့လာမှုအစီအစဉ်

 

ဂျပန်နှင့်မဲခေါင်ဒေသနိုင်ငံများ၏ ချစ်ကြည်ရေးနှစ်လှုပ်ရှားမှုအစီအစဉ်တရပ်အနေဖြင့် မြန်မာနိုင်ငံရှိ ဂျပန်ဘာသာ သင်ဆရာများအတွက် ဂျပန်ဘာသာသင်ကြားမှု ပူးပေါင်းညှိနှိုင်းအတွေ့အကြုံဖလှယ်ခြင်း Seminar ကို၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် နေ့တွင် ရန်ကုန်မြို့မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့်၊ ဖေဖော်ဝါရီလ၂၄ ရက်နေ့တွင်မန္တလေးမြို့ Hito Centre တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လွန်ခဲ့သောသုံးနှစ်မှစတင်ပြီး ထိုင်းနိုင်ငံရှိ Japan Foundation, ဂျပန်ယဉ်ကျေးမှုစင်တာ Bangkok ရုံးခွဲမှ ဂျပန်ဘာ သာသင်ကြားရေးဆိုင်ရာ ပညာရှင်များကို ဖိတ်ခေါ်၍ အဆိုပါဂျပန်ဘာသာသင်ဆရာများ seminar ကိုကျင်းပဆောင်ရွက်ခဲ့သည်မှာ ယခုအခါ ၄ ကြိမ်မြောက်ခဲ့ပေပြီ။ ယခုအကြိမ်တွင်ပါမောက္ခ Mr. Jun Matsuhara မှအသံ ထွက်ပိုင်းဆိုင်ရာသင် ကြားပုံသင်ကြားနည်း နှင့်ပါတ်သက်၍ု ရှင်းလင်းသင်ပြသွားခဲ့ပါသည်။ ရန်ကုန်မြို့တွင်ဆရာ/မစုစုပေါင်း ၇၄ ဦး၊ မန္တလေးမြို့ တွင်ဆရာ/မ ၂၄ ဦးစုစုပေါင်းဂျပန်ဘာသာဆရာပေါင်း ၉၈ ဦး တက်ရောက်ခဲ့ကြပါသည်။ Seminar တက်ရောက်ခဲ့သော ဂျပန်စာဆရာ/ဆရာမများအနေဖြင့် ယခုအချိန်အထိ သေချာစွာမသိခဲ့ရသေးသောအသံထွက်ပိုင်းဆိုင်ရာ သင်ကြားပို့ချနည်းများကို သင်ယူရရှိခဲ့ရ၍ ပညာများစွာရရှိခဲ့ပါကြောင်းမြန်မာပြည်တွင်ဤ Seminar အပြင် ဂျပန်ဆရာများအတွက် အခြား Training Seminar များမရှိသောကြောင့်ယခုထက်ပို ပြီးတစ်နှစ်လျှင် ၂ ကြိမ်ခန့်လုပ်ပေးစေချင်ပါကြောင်း”“ဂျပန်ဘာသာသင်ဆရာ/ဆရာမများအတွက် အလွန်တန်ဖိုးရှိလှသော seminar ဖြစ်ပါကြောင်း” ပြောဆိုတင်ပြခဲ့ကြပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့်လည်း၊ နောက်ပိုင်းတွင်ဂျပန်ဘာသာသင်ဆရာ/ဆရာမများ အတွက် သင် ကြားမှုအရည်အသွေးမြင့်မားလာစေရန် ယခုလိုကဲ့သို့သော seminar များကို ပိုမိုကျင်းပပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိ နေပါ သည်။


 

ဂျပန်နှင့်မဲခေါင်ဒေသနိုင်ငံများချစ်ကြည်ရေးနှစ်အဖွင့်လှုပ်ရှားမှု Tsugaru Syamisen (Anmitsu) နှင့် မြန်မာ့စောင်းပညာရှင်တို့၏ဖျော်ဖြေပွဲ

 

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်နေ့တွင် ဂျပန်သံရုံးမှကြီးမှူး၍ ဂျပန်နှင့်မဲခေါင်ဒေသနိုင်ငံများ ချစ်ကြည်ရေးနှစ် အဖွင့်လှုပ်ရှားမှုတစ်ရပ်အနေဖြင့် Tsugaru Syamisen (Anmitsu) အဖွဲ့နှင့် မြန်မာ့နာမည်ကြီး စောင်း ပညာရှင် ဦးလှိုင်ဝင်းမောင် တို့က ပူးပေါင်းတင်ဆက်သည့် ဂီတပွဲတစ်ခု ကျင်းပခဲ့ပါသည်။ ၆ ရက်နေ့ပထမအကြိမ်ဖျော်ဖြေပွဲတွင် ခန့်မှန်းခြေ အများပြည်သူ ၅၇၀ ဦး လာရောက်ကြည့်ရှုခဲ့ကြပြီး ၇ ရက်နေ့ ဒုတိယအကြိမ်ဖျော်ဖြေပွဲကိုမူ အထူးဖိတ်ကြားထားသော ဧည့်သည်တော် ၅၀ ဦး ခန့်လာရောက်ကြည့်ရှု ခဲ့ကြပါသည်။ ယခုဖျော်ဖြေပွဲ၏ထူးခြားချက်မှာ ဂျပန်ရိုးရာတူရိယာတစ်မျိုးဖြစ်သည့် Tsugaru Syamisen ၏ ပေါ့ပါးသွက်လက်ပြီး အားမာန်အပြည့်ပါသည့် တေးသံများနှင့် မြန်မာ့ရိုးရာစောင်း၏ နူးညံ့သိမ်မွေ့လှသော တေးသံနှစ်မျိုးစလုံးကို နားဆင်နိုင် ခဲ့ခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် Tsugaru Syamisen (Anmitsu) အဖွဲ့နှင့် ဦးလှိုင်ဝင်းမောင်တို့က ဂျပန်မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အမှတ်တရအနေဖြင့် (Sakura-Sakura) ဆိုသည့်တေးသီချင်းကို ပူးပေါင်းတီးခတ်ဖျော်ဖြေ ရာတွင် မတူညီသောတူရိယာနှစ်ခု၏ သံစဉ်များကိုတေးသွားတစ်ခုအနေဖြင့် အပေးအယူမျှစွာ ပေါင်းစည်းပျော်ဝင်သွား သည့်အတွက် လူအများ၏ အထူးနှစ်ခြိုက်အားပေးခြင်း ကိုခံခဲ့ရပါသည်။ ဖျော်ဖြေပွဲသို့လာရောက်ကြည့်ရှုခဲ့သူတစ်ဦးမှ "Tsugaru Syamisen (Anmitsu) အဖွဲ့ရဲ့ ရိုးရာတေးသွားတွေ Rock Style တေးသွားတွေနဲ့တေးသီချင်းအမျိုးမျိုးကို နားဆင်ခွင့်ရလို့ အရမ်းကိုဝမ်းသာမိပါတယ် " " ကိုယ်တိုင် မြန်မာလူမျိုးတစ်ယောက်ဖြစ်ပေမယ့်လည်း မြန်မာ့စောင်းရဲ့တေးသီချင်းသံစဉ်တွေကို သေသေချာချာနား ထောင်ခွင့်မရခဲ့လို့မြန်မာ့စောင်းသံဟာ ဒီလောက်လှပငြိမ့်ညောင်းပါလားဆိုတာ ဒီဖျော်ဖြေပွဲမှာမှ စတင်သိရှိခံစားမိရ ပါတယ်။ Tsugaru Syamisen (Anmitsu) အဖွဲ့ရဲ့သီချင်းသံတွေဟာလည်း မိုးကောင်းကင်ထဲမှလွင့်ပျံလာသလိုမျိုး ကို လှပခဲ့ပါတယ်" ဟု ထင်မြင်ယူဆချက်များကို ပြောပြသွားခဲ့ပါသည်။ ဦးလှိုင်ဝင်းမောင်ကလည်း ဂျပန်မဲခေါင်နိုင်ငံများ ချစ်ကြည်ရေးနှစ် အဖွင့်အထိမ်းအမှတ်အနေဖြင့် သီးသန့်ရေးစပ်ထားသည့် တေးသီချင်းတစ်ပုဒ်ကိုလည်း တီးခတ်ဖျော်ဖြေ သွားခဲ့ပါသည်။ ယခုဖျော်ဖြေပွဲကိုအစပြုပြီး ဂျပန်နှင့်မြန်မာနိုင်ငံချစ်ကြည်ရေးမှာ ယခုနှစ်တွင်သာမက နောင်နှစ်များတွင်လည်း တစ်စထက်တစ်စ ပိုမိုကျယ်ပြန့်စွာ တိုးတက်ကောင်းမွန်လာစေရန် မျှော်လင့်မိပါသည်။


 

ဂီတမိတ်တေးဂီတစင်တာမှတင်ဆက်သောဂျပန်မြန်မာတေးဂီတမိတ်ဆက် ဖျော်ဖြေပွဲ

 

ဂျပန်နှင့် မဲခေါင်နိုင်ငံများ ချစ်ကြည်ရေးနှစ်အထိမ်းအမှတ် လှုပ်ရှားမှုအနေဖြင့်ဂျပန်သံရုံမှကြီးမှုး၍ ဂျပန်-မြန်မာ တေးဂီတ မိတ်ဆက်ဖျော်ဖြေပွဲကို မတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဧည့်ပရိတ်သတ် ၄၀၀ ကျော်တက်ရောက်ခဲ့ပါသည်။ ယခုဖျော်ဖြေပွဲတွင် ဂီတမိတ်တေးဂီတစင်တာအဖွဲ့သားများမှ မြန်မာနှင့်ဂျပန် နှစ်နိုင်ငံလုံး၏ ရိုးရာတေးသီချင်းများ သာမက ခေတ်ပေါ် POP ဂီတများအပါအ၀င် တေးသီချင်းပေါင်း ၁၇ ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ကြပါသည်။ ဂီတမိတ်တေးဂီတစင်တာ၏ သံပြိုင်သီဆိုအဖွဲ့သားများသည် ယခုနှစ် ဇန်န၀ါရီလတွင် အရှေ့အာရှလူငယ်များချစ် ကြည်ရေးအစီအစဉ် (JENESYS) အရ၊ ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြပြီး တိုကျိုမြို့တွင် ကျင်းပသည့် ဂျပန်-မဲခေါင် ဒေသနိုင်ငံများချစ်ကြည်ရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ဂီတပညာရှင်များ အနေဖြင့်တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနား၌ မြန်မာ့နာမည်ကြီးတေးသီချင်များကို အကပဒေသာများနှင့် တွဲဖက်၍ ဖျော်ဖြေခဲ့သကဲ့သို့ ယခုပွဲတွင်လည်း အဆိုပါတေးသီချင်းများ ပြန်လည်ပါဝင်ခဲ့ပါသည်။ လာရောက်ကြည်ရှုခဲ့ကြ သောဧည့်ပရိတ်သတ်များကလည်း “ဂျပန်တေးသီချင်းတွေဟာအလွန့်အလွန်ကိုပဲကောင်းခဲ့သလို၊ မြန်မာ့တေးဂီတရဲ့ အနှစ်သာရကိုလည်းနောက်တစ်ခါ ပြန်လည် အကြိုက်တွေ့သွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းကိုကောင်း မွန်တဲ့ပွဲလေးပါပဲ” ဟုသုံးသပ်သွားခဲ့ပါသည်။ ထို့အပြင် ယခုဖျော်ဖြေပွဲတွင် တေးသီချင်းသံပြိုင်သီဆိုမှုများသာမက၊ Flute (ပလွေ) ၊ Piano (စန္ဒယား) နှင့် Guitar (ဂီတာ) များနှင့်ပါ တွဲဖက်ဖျော်ဖြေသည့်တေးသီချင်းများလည်း ပါဝင်ခဲ့ပြီး လာရောက်ကြည့်ရှုခဲ့သူ ဧည့်ပရိတ်သတ် များအနေဖြင့် တေးသီချင်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခံစားနိုင်ခဲ့ကြပါသည်။ ယခုဖျော်ဖြေပွဲသည် ဂီတမိတ်တေးဂီတစင်တာနှင့်တက်ရောက်ခဲ့ကြသည့်ဧည့်ပရိတ်သတ်နှစ်ဦးနှစ်ဘက်စလုံးအ တွက်ဂျပန်နှင့်မြန်မာသည် နှစ်နိုင်ငံစလုံး၏လှပလှသော  တေးသံသာများကိုကြည့်ရှုခံစားနိုင်သည့်အချက်ကြောင့် ဂျပန် နှင့်မဲခေါင်ဒေသ နိုင်ငံများချစ်ကြည်ရေးနှစ် လှုပ်ရှားမှုတစ်ခုအနေဖြင့်အလွန် သင့်လျော်လိုက်ဖက်လှသည့် အစီအစဉ်တစ်ခု ဖြစ်ခဲ့ကြောင်းတွေးဆလို့ရ နိုင်ပါသည်။




Top