arrp ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားနှင့်ဂျပန်ဘာသာစကားပြောပြိုင်ပွဲကျင်းပခြင်း

 

arrp ကျောင်းသားများအတွက်ဂျပန်သံရုံး၏လုပ်ဆောင်ချက်များ


 

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားနှင့်ဂျပန်ဘာသာစကားပြောပြိုင်ပွဲကျင်းပခြင်း

 

မေလ ၃၀ ရက် နံနက် ၉ နာရီမှစပြီး ဂျပန်နှင့် မဲခေါင်ဒေသနိုင်ငံများ ချစ်ကြည်ရေးနှစ်လှုတ်ရှားမှုအနေဖြင့် စတုတ္တအကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ဒဿမအကြိမ်မြောက် ဂျပန် ဘာသာစကားပြောပြိုင်ပွဲကို ရန်ကုန်မြို့ Chatrium Hotel တွင် ကျင်းပပါမည်။ စတုတ္တအကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဂျပန်သံရုံးမှကြီးမှုး၍ မြန်မာနိုင်ငံဂျပန်ပြန်ပညာတော်သင်ဟောင်များအသင်း (MAJA) နှင့် ဂျပန်ကုန်သည် ကြီးများအသင်း ရန်ကုန် (JCCY) တို့၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ပါသည်။ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲကို ဂျပန်စာပေနှင့်မိတ်ဆက်ပေးရန်အပြင် ဂျပန်ဘာသာစကားအားဖတ်၍ နားလည်နိုင်စွမ်းတိုးတက်လာစေရန် ရည်ရွယ်ပြီး ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။ ဤပြိုင်ပွဲတွင် အခြေခံအဆင့်၊ အလယ်အဆင့်၊ အထက်အဆင့်ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားပြီး ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့နှင့်သင့်တော် မည့်အဆင့်ကိုရွေးချယ်ကာ ဘာသာပြန်ကြရပါမည်။ စတုတ္တအကြိမ်တိုင်ခဲ့ပြီဖြစ်သော ယခုနှစ်၏ ဘာသာပြန်စာမှု များမှာ အခြေခံအဆင့်၌ ခုစုယာမ မစအိုး ၏ “ကျောင်းထိုင်ဆရာတော်ကြီးနှင့်ကိုရင်လေး” အားလည်းကောင်း၊ အလယ်အဆင့် ၌ မိယာဇ၀ါ ကင်းဂျိ ၏ “လှည်းကလေး” အားလည်းကောင်း၊ အထက်အဆင့်၌ ယော်ကိုမိဆု တိုရှိခဇု ၏ “ဦးခေါင်းနှင့်ဝမ်းဗိုက်” အားလည်းကောင်း၊ ဘာသာပြန်ယှဉ်ပြိုင်စေခဲ့ရာ၊ ရန်ကုန်မြို့မှ ၂၅၁ ဦးနှင့် မန္တလေးမြို့မှ ၈၆ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆင့်အသီးသီးမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေငြာပေးမည်ဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြီးဆုများ ချီးမြှင့်ပေးမည်ဖြစ်ပါသည်။ ဒဿမ အကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ဂျပန်သံရုံးမှ ကြီးမှုး၍၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာတော်သင်ဟောင်းများအသင်း (MAJA) နှင့် ဂျပန်ကုန်သည်ကြီးများအသင်း ရန်ကုန် (JCCY) တို့၏ ပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဧပြီလ ၄ ရက်နေ့မှ မေလ ၇ ရက်အတွင်း တစ်နိုင်ငံလုံးမှ လျှောက်လွှာတင်ကြသည့် ကျောင်းသား များအထဲမှပြောဆိုမည့် အကြောင်းအရာနှင့် အသံသွင်းတိတ်ခွေများကို ပထမအဆင့်စိစစ်ရွေးချယ် ပြီးသည့်နောက် ၁၅ ဦးအား စကားပြောယှဉ်ပြိုင်စေမည်ဖြစ်ပါသည်။ ဂျပန်နှင့်မဲခေါင်ဒေသနိုင်ငံများချစ်ကြည်ရေးနှစ် ဖြစ်သည့်ယခုနှစ်၏ စကားပြောပြိုင်ပွဲတွင် အဆင့်မြင့်ဆုရရှိသူများသည် ဂျပန်နိုင်ငံတွင်ကျင်းပမည့် မဲခေါင်နိုင်ငံ များ၏ ဂျပန်ဘာသာ စကားပြောပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိကြမည် ဖြစ်ပါသည်။ ဂျပန်သံရုံးအနေဖြင့် နောင်နှစ်များတွင်လည်း ဂျပန်ဘာသာစကား လေ့လာနေသူများအတွက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ၊ ဂျပန်စကားပြောပြိုင်ပွဲများနှင့် အလားတူ ဂျပန်ဘာသာစကား စွမ်းရည်မြင့်မားတိုးတက်စေနိုင် မည့်ပြိုင်ပွဲများ၊ လှုတ်ရှားမှုများကို ဆက်လက်ကျင်းပသွားရန် စီစဉ်လျှက်ရှိပါသည်။


 

ကျောင်းသားများအတွက်ဂျပန်သံရုံး၏လုပ်ဆောင်ချက်များ

 

ပညာတော်သင်အကြံပေးနည်းစနစ်
သံရုံး၏ဂျပန်ပညာတော်သင်ဆွေးနွေးပွဲ


Ryugakuဂျပန်ပညာတော်သင်ဆွေးနွေးပွဲများကိုအနာဂါတ်အရေးမျှော်မှန်းသော ကျောင်းသားများအတွက် အတွေ့အကြုံရင့်ကျက်သော အကြံပေးပုဂ္ဂိုလ်များဖြင့် တစ်လတစ်ကြိမ် ကျင်းပပေးလျက်ရှိပါသည်။ အကြံပေးဆွေးနွေးမှုများကို မိခင်ဘာသာစကား(မြန်မာစကား)ဖြင့် ဆွေးနွေးပေးပါသည်။ ဆွေးနွေးဟောပြော ပွဲတွင်ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ကြားရန်အတွက် မည်သို့ပြင်ဆင်ရမည်ဆိုသည့်ပုံစံမျိုးကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆွေးနွေးနိုင်ပါသည်။ထို့အပြင် ကျောင်းသားဘ၀ ခြေခံအချက်အလက်များ၊ ကျောင်း ရွေးချယ်ပုံရွေးချယ်နည်း၊ ပညာသင်ဆုများလျှောက်ထားပုံလျှောက်ထားနည်း၊ စာမေးပွဲဖြေဆိုပုံဖြေဆိုနည်းများကို အကျယ်တ၀င့် ဆွေးနွေးလမ်းညွှန်ပေးသွားပါမည်။ ဆွေးနွေးမည့် အစီအစဉ်ကိုသံရုံး၏ WebSite တွင် ဖော်ပြပေးထားပါမည်။ သို့မဟုတ် သံရုံး၏ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာနတွင် စုံစမ်းသိရှိနိုင်ပါသည်။ (မည်သည့်ကုန်ကျစရိတ်မျှမရှိပါ။)



သံရုံး၏ရည်ညွှန်းစာဖတ်ခန်း

သံရုံး၏ ရည်ညွန်းစာဖတ်ခန်းတွင် ဂျပန်ဘွဲ့လွန်တက္ကသိုလ်များ၊ တက္ကသိုလ်ကျောင်းများ၊  အ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာပညာသင်ကျောင်းများ၊ ဂျပန်ဘာသာသင်ကျောင်းများနှင့် ဂျပန်ပညာသင်ဆု နှင့်ပတ်သက်သော လမ်းညွှန်စာအုပ်များနှင့် အခြားအထာက်အကူပြုလမ်းညွှန်စာအုပ်များ၊ ထို့အပြင် ဂျပန် နှင့်ပတ်သက်သည့် အထွေထွေလေ့လာကိုးကားစရာ စာအုပ်များကိုလည်း အကိုးအကားအဖြစ်အသုံးပြုနိုင် ပါသည်။
အကယ်၍ ရည်ညွန်းစာဖတ်ခန်း (Reference Room) သို့လာရောက်လေ့လာလိုပါက သံရုံးသို့တယ်လီ ဖုန်းဆက်ပြီး ကြိုတင်အကြောင်းကြားနိုင်ပါသည်။
Reference Room တွင်လာရောက်လေ့လာနိုင်မည့်အကြောင်းအရာများမှာ၊ ဥပမာအားဖြင့်၊
နိုင်ငံခြားကျောင်းသားများအတွက် ဂျပန်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်များ
နိုင်ငံခြားကျောင်းသားများအတွက် အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်းလမ်းညွှန်များ
ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာသင်တန်းကျောင်းလမ်းညွန်များ
ဂျပန်ကျောင်းသားလမ်းညွှန်များ
နိုင်ငံတကာကျောင်းသားများအတွက် ဂျပန်ပညာသင်ဆုလမ်းညွန်များ
ပြီးခဲ့သောနှစ်များမှ EJU မေးခွန်းဟောင်းများ၊
ဂျပန်ဘာသာကျွမ်းကျင်မှုစာမေးပွဲ မေးခွန်းဟောင်းနှင့် အဖြေများ (Level အားလုံး)
နိုင်ငံခြားကျောင်းသားများအတွက် နေထိုင်ခြင်း/ယာယီနေထိုင်မှုလမ်းညွှန်များ
ဂျပန်Yellow Pages နှင့်အခြားလမ်းညွှန်များ



ဂျပန်ပညာတော်သင်ဆုစာမေးပွဲ

ဂျပန်ဘွဲ့လွန်တက္ကသိုလ်များတွင် ဘွဲ့လွန်ဒီဂရီများတက်ရောက်ရန် အာဆီယံနိုင်ငံများ မှဘွဲ့ရရှိပြီး ကျောင်းသားများအတွက် ဂျပန်ဖောင်ဒေးရှင်း၏ Asian Youth Fellowship (AYF) Scholarship အတွက် အကြိုစီစစ် ရွေးချယ်မှုများကို ဂျပန်သံရုံးမှကြီးမှုးပြုလုပ်ပေးခဲ့ပါတယ်။
၂၀၁၀ နှစ် ပညာသင်ဆုအတွက် လျှောက်ထားကြရမည့် အစီအစဉ်ကို ယခုနှစ်ဇွန်လအတွင်း ကြေငြာသွား ပါမည်။ အခြားသော အချက်အလက်များကို စုံစမ်းလိုပါက အောက်ပါ Web-Site;
http://www.asiaseed.org/ayfj/  သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။



ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပထမအကြိမ်ဂျပန်ဖလား (Japan Cup) ကရာတေးဒိုပြိုင်ပွဲကို ကျင်းပရန်ရှိပါသည်
ဇွန် ၂၃ (အင်္ဂါ) - ၂၄ (ဗုဒ္ဓဟူး) ၀၉း၀၀ - (အောင်ဆန်းအားကစားကွင်း)

 

ပညာတော်သင်ဆွေးနွေးပွဲ

ဂျပန်သံရုံးပြန်ကြားရေးဌာန၏ လုပ်ငန်းတစ်ရပ်အနေဖြင့် လစဉ်ဒုတိယပတ်ဗုဒ္ဓဟူးနေ့တိုင်းတွင် နေ့လည် ၂နာရီ မှ ၄နာရီအထိ၊ ဂျပန်သံရုံးရှိ ရည်ညွှန်းစာဖတ်ခန်း (Reference Center) နှင့် ဂျပန်သံရုံးရုပ်ရှင်ခန်းမများတွင် ဂျပန်နိုင်ငံပညာတော်သင် ဆွေးနွေးပွဲများကို ကျင်းပပေးလျှက်ရှိပါသည်။
အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လိုသူများသည် ဂျပန်သံရုံးပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာနမှ Dr. Saw Rock Top ထံသို့ တယ်လီဖုန်းဖြင့် ကြိုတင်အကြောင်းကြား စာရင်းပေးသွင်းကြရပါမည်။ လူဦးရေများလွန်းပါက အရေအတွက်ကို ကန့်သက်လက်ခံ မည်ဖြစ်ပါသည်။


သံရုံးဖွင့်ချိန်      - တနင်္လာနေ့ မှ သောကြာနေ့အထိ (ရုံးပိတ်ရက်များမပါ)
- နံနက် ၈ နာရီ ၃၀ မိနစ် မှ - နေ့လည် ၁၂ နာရီ ၃၀ မိနစ်
- နေ့လည် ၁ နာရီ ၃၀ မိနစ် မှ - ညနေ ၅ နာရီ ၃၀ မိနစ်


ဂျပန်သံရုံးနှင့်ဆက်သွယ်ရန်လိပ်စာ

အမှတ် ၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
တယ်လီဖုန်း - ၀၁ - ၅၄၉၆၄၄ ~ ၈ Fax - ၀၁ - ၅၄၉၆၄၃
E-mail - jembassy@baganmail.net.mm
Website - http://www.mm.emb-japan.go.jp




Top