မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သမိုင်းကြောင်း
ကာလကတ္တားအခြေစိုက် ဂျပန်ကောင်စစ်ဝန်ရုံး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ကောင်စစ်ဝန်ရုံး (၁၉၂၀ ၁၉၅၁)
၁၉၁၀ခုနှစ်နှောင်းပိုင်းမှစ၍ မြန်မာနိုင်ငံသို. ဂျပန်စီးပွားရေးလုပ်ငန်းရှင်ကုန်သည်များသည် ကုန်သွယ်ရေးလုပ်ငန်းများနှင့် ငွေ ကြေးဆိုင်ရာဆက်ဆံမှုများပြုလုပ်လာကြပြီး ဂျပန်လူမျိုးများလည်း မြန်မာနိုင်ငံသို.တဖြည်းဖြည်း လာရောက်လည်ပတ်လာကြပါသည်။ ၁၉၂၀ ခုနှစ် တွင် ကာလကတ္တားအခြေစိုက် ဂျပန်ကောင်စစ်ဝန်ရုံးဌာနခွဲတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး ဂျပန်လူမျိုးများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းအတွက် အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ခဲ့ပါသည်။ ထိုခေတ်ထိုအခါကဂျပန်လူမျိုးပိုင် ကုန်စုံဆိုင် (ကုန်တိုက်)၊ တည်းခိုရိပ်သာ၊ ဟင်းဆိုင်၊ သွားဘက်ဆိုင်ရာဆေးကုခန်း၊ ဓါတ်ပုံတိုက်များက နေရာဒေသအသီးသီးတွင် ဖွင့်လှစ်ဆောင် ရွက်လာခဲ့ပါသည်။ ထိုအချိန်က အကြောင်းအရာများကို မှတ်တမ်းတင်နိုင်ရန် စာရွက်စာတမ်းအထောက်အထားများလည်း ရှားပါးခဲ့သော်လည်း ၁၉၅၁ ခုနှစ်တွင် ကောင်စစ်ဝန်ရုံးခန်းပြောင်းရွှေ့ဖွင့်လှစ်ပြီးနောက်တွင် ထိုအဆောက်အအုံအား ပုဂ္ဂလိကပိုင် တည်းခိုရိပ်သာတစ်ခု အဖြင့်အသုံးပြုခဲ့ပါတယ်။ များမကြာမီ ၁၉၉၅ ခုနှစ်တွင် ထိုအဆောက်အအုံအားဖြိုဖျက်၍ ထိုနေရာ၌ ပုဂ္ဂလိကပိုင်ဟိုတယ်တစ်ခုအဖြစ် ယခုအချိန်တွင် ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။
ဂျပန်နိုင်ငံခြားရေးအေဂျင်စီ (၁၉၅၁ - ၁၉၅၃)
ဤအဆောက်အအုံသည် ၅ ထပ်အဆောက်အဦးဖြစ်ပြီး ၄ ထပ်တွင် ရုံးခန်းဖွင့်လှစ်၍ ၁၉၅၂ ခုနှစ် သြဂုတ်လတွင် ကောင်စစ် ၀န်ရုံးအဖြစ် စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်က ပထမထပ်တွင် ကုန်တိုက်(ကုန်စုံဆိုင်)၊ ဒုတိယထပ်တွင် ရှေ့နေရုံးခန်းများ၊ အသီး သီးဖွင့်လှစ်ကြပါသည်။ ရုံးတာဝန်ခံအပါအ၀င် စုစုပေါင်းဝန်ထမ်း ၄၅ ဦးသာ ထားရှိသောစံနစ်ဖြင့် ရုံးလုပ်ငန်းများကို စီမံဆောင်ရွက်ခဲ့ပါ သည်။
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး (၁၉၅၃ - ၁၉၅၆)
၁၉၅၄ ခုနှစ်တွင် ဂျပန်မြန်မာသံတမန်ချစ်ကြည်ရေး စတင်ဆောင်ရွက်၍ နှစ်နိုင်ငံအသီးသီးသံရုံးများ ဖွင့်လှစ်ဆောင်ရွက်လာ ခဲ့ ကြပါသည်။ ထိုအချိန်က ဤအဆောက်အအုံသို့ ကောင်စစ်ဝန်ရုံးခန်း အားပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
မြန်မာနိုငံဆိုင်ရာဂျပန်သံရုံး (၁၉၅၆ - ၁၉၇၇)
ထိုအချိန်ကရွှေတောင်ကြားဆိပ်ငြိမ်ရပ်ကွက်၏ သစ်ရိပ်ဝါးရိပ်ကောင်းပြီး၊ ယဉ်သွားယဉ်လာနည်းပါး၍ အေးချမ်းတိတ်ဆိတ် သောနေရာတွင် တည်ရှိခဲ့ပါသည်။ ဤနေရာတွင် ကောင်စစ်ဝန်ရုံးခန်း စတင်ဖွင့်လှစ်ခဲ့သောအချိန်ကာလ ၁၉၆၂ ခုနှစ်၊ မတ်လတွင် စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအစိုးရမှ တိုင်းပြည်အုပ်ချုပ်နေချိန်ဖြစ်ပါသည်။
တုတ်ကွေးရောဂါ ကာကွယ်ဆေး တာမီဖလူး (Tami Flu) ဆေးဝါးပစ္စည်းများ လှူဒါန်းပေးအပ်လွှဲပြောင်းခြင်း အခမ်းအနား
၁. ဂျပန်အစိုးရအနေဖြင့် အသစ်ပေါ်ထွက်နေသော တုပ်ကွေးရောဂါများကာကွယ်ရေးစီမံကိန်းများကို အရှိန်အဟုန်ဖြင့်ဆောင် ရွက်နေသောမြန်မာအစိုးရအား ပူးပေါင်းကူညီထောက်ပံ့နိုင်ရန်လူဦးရေ ၅၀,၀၀၀ ယောက်စာ
အင်ဖလူအန်ဇာဆေးဝါး (Tami Flu) ဆေးဝါးပစ္စည်းများနှင့်လူဦးရေ ၃၅၀၀၀ စာရောဂါကာကွယ်မှုဆိုင်ရာ ဆေး ပစ္စည်းများထောက်ပံ့လွှဲပြောင်းပေးရေး အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လွှဲပြောင်းပေးခြင်းအခမ်း
အနားကိုကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E.Mr.Yasuaki Nogawa တက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကျောင်မြင့် ထံသို့
လှူဒါန်းပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပါ သည်။
၂.အင်ဖလူအန်ဇာ(တုတ်ကွေး)ဗိုင်းရပ်စ်အသစ်များပျံ့နှံ့မှုကာကွယ်ရေးသည်အရှေ့အာရှနိုင်ငံအားလုံး၏တာဝန်ဝတ္တရား ဖြစ်သောကြောင့်ဂျပန်နိုင်ငံအစိုးရအနေဖြင့် WHO ၏ပူးပေါင်းဆောင်ရွက်မှုအောက်တွင်
“ဂျပန်နှင့်အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ(JAIF)” မှတဆင့် ဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် နွေရာသီကာလ အင်ဖလူအန်ဇာ (တုတ်ကွေး) ရောဂါ များပျံ့နှံ့နေချိန်တွင် လူငါးသိန်းစာ (Tami Flu)
ဆေးဝါးများနှင့်လူ ၇ သိန်းစာနှင့် ရောဂါကာကွယ် ရေးပစ္စည်းများ ကိုစင်ကာပူနိုင်ငံတွင်အသင့်ထား ရှိအပ်နှံ့ကာထောက်ပံ့ခဲ့ပါသည်။ ထို့ပြင်အဆီယံမှတောင်းဆိုမှုနှင့်အညီထပ်မံ ၍လူငါးသိန်းစာ နှင့် ညီမျှသော Tami Flu
ဆေးဝါးများကိုအာဆီယံနိုင်ငံများသို့ ခွဲဝေထောက်ပံ့ခဲ့ပါသည်။
၃.ယခုအကြိမ် Tami Flu ဆေးဝါးများနှင့် ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ၏ အင်ဖလူအင်ဇာ (တုတ်ကွေး) ရောဂါပျံ့ပွားမှု ကာကွယ်မှုစီမံကိန်းကြီးအတွက် တစ်တပ်တစ်အား တိုးမြှင့်ဆောင်ရွက်နိုင်
လိမ့်မည်ဟုမျှော်လင့်ရပါသည်။
သံအမတ်ကြီး မစ္စတာနိုဂ၀ါ ၏ လက်မှတ်ရေးထိုးပွဲတက်ရောက်ခြင်းအခမ်းအနား (FAO မှတစ်ဆင့်မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ငွေလှူဒါန်းထောက်ပံ့ခြင်း)
ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် သံအမတ်ကြီးနိုဂ၀ါသည် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့်အတူဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ငွေကြေးထောက်ပံ့ခြင်းနှင့်
ပူးပေါင်းဆောင်ရွက်ရေးအစီ အစဉ်အရ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲ (Restoration of Food Security and Agriculture Based Livelihoods in Most Cyclone Nargis affected Area of Irrawaddy Delta of Myanmar) သို့
တက်ရောက်ခဲ့ပါသည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့်နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် ကြီးမားစွာဒုက္ခရောက်ခဲ့ရသော ဧရာဝတီတိုင်းအ တွင်းမှ ဒေသများ၏စားနပ်ရိက္ခာအဆင်ပြေရေး၊ လယ်ယာလုပ်ငန်းကို အဓိကအခြေခံထားသော
ဒေသဖြစ်သောကြောင့် လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်နိုင်ရေးများအတွက် ငွေကြေးထောက်ပံ့ရေး အစီအစဉ်များကို ချမှတ်ခဲ့ပါသည်။ ငွေ ကြေးထောက်ပံ့မှုစုစုပေါင်းပမာဏ ဂျပန်ယန်း ငွေသန်းနှစ်ဆယ် တန်ဖိုးဖြစ်ပြီး၊ FAO
မှတစ်ဆင့် လယ်ယာလုပ်ငန်းသုံးစက် ပစ္စည်းများ၊ လယ်ယာလုပ်ငန်းသုံးတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် လှူဒါန်းခဲ့ပါသည်။
JICA မြန်မာရုံးခွဲ တာဝန်ခံအရာရှိ မစ္စတာမီယာမိုတိုနှင့် မြန်မာနိုင်ငံဆိုင်ရာ FAO ကိုယ်စားလှယ်တို့မှ သဘောတူ ညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
Grassroots Grant Assistance Scheme (GGA) အစီအစဉ်အရ တနသာင်္ရီတိုင်း သံသရာအေး ဘုန်းတော်ကြီးသင်မူလတန်းကျောင်း ဖွင့်ပွဲ
၁။ ဂျပန်နိုင်ငံအစိုးရသည် ၂၀၀၈ ခုနှစ်ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် Grassroots Grant Assistance Scheme (GGA) အစီ အစဉ်အရ တနသာင်္ရီိတိုင်း သံသရာအေး ဘုန်းတော်ကြီးသင်မူလတန်းကျောင်းဆောက်လုပ်မှုအတွက်
လိုအပ်သောငွေ ကြေးအရင်းအနှီး အမေရိကန်ဒေါ်လာ ၈၁၅၂၃ $ ကို ထောက်ပံ့ရန်ချမှတ်ခဲ့ပါသည်။ ကျောင်းဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်၍ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို
ကျင်းပခဲ့ပါသည်။ ကျောင်းဆောင်ဖွင့်ပွဲအခမ်း အနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ အတွင်းဝန် Mr.YoShiMuRa Fujiken က တက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်ခင်သန်းဌေးလည်းတက်ရောက်ခဲ့ပါသည်။ သံသရာအေးဘုန်းတော်ကြီးကျောင်း ဆရာ တော်မှ ကျေးဇူးတင်စကားမိန့်ကြားခဲ့ပါသည်။
၂ ။သံသရာအေးဘုန်းတော်ကြီးသင်မူလတန်းကျောင်းသည် ၂၀၀၃ ခုနှစ်မှစတင်၍ ဆင်းရဲချို့တဲ့၍ ပညာကောင်းစွာမသင်ရ ရှာသော ကလေးသူငယ်များကို အခမဲ့ပညာသင်ကြားပို့ချနေသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဤသို့ သောဘုန်းတောင်ကြီးသင်ပညာရေးကျောင်းများ မြောက်များစွာရှိပြီး ကလေးသူငယ်များ၏ပညာရေး အဆင့်အတန်းမြင့်မား စေရန်အတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ယခုအကြိမ်တွင်
ဂျပန်နိုင်ငံအစိုးရအနေဖြင့် နှစ်ထပ်ကျောင်းဆောင်နှင့် စာသင်ခန်း သုံးပစ္စည်းများ၊ ကျောင်းသားကျောင်းသူသုံးအိမ်သာစသည်တို့ကို ဆောက်လုပ်လှူဒါန်းပြီး ကလေးသူငယ်များ၏
ပညာရေးအတွက်တစ်တပ်တစ်အားထောက်ပံ့ကူညီခဲ့ပါသည်။
၃။ဂျပန်နိုင်ငံအစိုးရသည် ယခုအချိန်အထိကျောင်းပေါင်း ၁၇၀ ကျော်ကိုဆောက်လုပ်လှူဒါန်းခဲ့ပြီး ပညာရေးကဏ္ဍကို တစ် ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီလျက်ရှိနေပါသည်။ ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အရေးပါလှသော ကဏ္ဍတစ်ရပ်ဖြစ်သည်နှင့်အညီ ဂျပန်အစိုးရအနေဖြင့် ထပ်မံပြီး ကလေးသူငယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်နိုင်စေရန် ဆက်လက်ထောက်ပံ့ ကူညီသွားမှာဖြစ်ပါသည်။
"ဂျပန်နှင့်မဲခေါင်ဒေသနိုင်ငံများချစ်ကြည်ရေးနှစ်"
.
ရန်ကုန်မြို့နှင့်နေပြည်တော်မြို့များတွင်မြန်မာဂျပန်ပြန်ပညာတော်သင်ကျောင်းသားဟောင်းများ တွေ့ဆုံပွဲကျင်းပခြင်း
ဂျပန်တွင်ပညာတော်သင်ပြီး ပြန်လာကြသော မြန်မာပညာတော်သင်ကျောင်းသားဟောင်းများ တွေ့ဆုံပွဲကို ဂျပန်သံအမတ်ကြီး မစ္စတာ နိုဂါဝါ ယစုအကိ (Mr. NOGAWA YASUAKi) က ဦးစီး၍ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင်
နေပြည်တော်မြို့၌လည်းကောင်း၊ ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌လည်းကောင်း ကျင်းပခဲ့ပါသည်။ ရန်ကုန်မြို့တွင်ကျင်း ပခဲ့သောတွေ့ဆုံပွဲ၌ ခန့်မှန်းခြေ အယောက် ၈၀ ခန့်တက်ယောက်ခဲ့ပြီး
နေပြည်တော်မြို့တွင်ကျင်းပခဲ့သောပွဲ၌ ပညာတော် သင်ကျောင်းသားဟောင်း အယောက် ၂၀ ခန့်နှင့် အစိုးရအရာရှိကြီးများလည်းတက်ရောက်ခဲ့ကြပါသည်။ ရန်ကုန်မြို့၌ကျင်း ပခဲ့သောတွေ့ဆုံပွဲတွင်မူ
ပညာတော်သင်ကျောင်းသားဟောင်းများသာမက JENTSYS အစီအစဉ်၏ ကျောင်းသားများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဂျပန်သံအမတ်ကြီး မစ္စတာ နိုဂါဝါ (Mr. NoGaWa) က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုနှစ်မှာ ဂျပန်နှင့်မဲခေါင် နိုင်ငံများချစ်ကြည်ရေးနှစ်ဖြစ်ပြီး ဂျပန်နှင့်မဲခေါင်ဒေသနိုင်ငံများကြားတွင် ချစ်ကြည်ရင်းနှီးမှု
ပိုမိုတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအသီးသီးမှ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကျင်းပသော မြန်မာဂျပန်ပြန်ပညာတော်သင်ကျောင်းသားဟောင်း များ တွေ့ဆုံပွဲသည်လည်း ဂျပန်နှင့်မဲခေါင်ဒေသနိုင်ငံများ
ချစ်ကြည်ရေးနှစ်၏ အထိမ်းအမှတ် လှုတ်ရှားမှုတစ်ခုပင်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါသည်။ ထို့အပြင် သံအမတ်ကြီးမှ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာတော်သင်ဟောင်းများအ သင်း (MAJA) ၏
ဂျပန်မြန်မာချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် အားသွန်ခွန်စိုက်ကြိုးပမ်းပေးနေမှုများအ တွက်လည်း ကျေးဇူးတင်ပါကြောင်း ယခုနှစ် နိုဝင်ဘာလတွင် MAJA မှ ကြီးမှုး၍ကျင်းပမည့် Asian ဂျပန်ပညာတော်သင်များ
အထွေထွေအစည်းအဝေးကြီးမှာလည်း အဓိကကြသည့်အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ရန်ကုန်မြို့တွင်ကျင်းပသောပွဲ၌ MAJA ၏ နာယကဖြစ်သည့် သံအမတ်ကြီး ဦးသက်ထွန်းက မဲခေါင်ဒေသနိုင်ငံ များ၏ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်းနှင့် အဓိကလိုအပ်ချက်များနှင့်ပတ်သက်၍
အသေးစိတ်ရှင်းလင်းပြောပြသွားခဲ့ပါသည်။ ထို့နောက် MAJA ဥက္ကဌကြီး ဒေါက်တာအောင်ကျော်မှနေ၍ ဂျပန်နှင့်မဲခေါင်နိုင်ငံများချစ်ကြည်ရေးနှစ်၏ အထိမ်းအမှတ် ဆောင်ပုဒ်
(အနာဂတ်ဆီအတူလျှောက်စို့လား၊ဂျပန်မဲခေါင်နိုင်ငံများ)ဆိုသည့်ဆောင်ပုဒ်အတိုင်း ညီညွတ်စွာဆောင်ရွက်ကြ
ပါစို့ ဟု ဂုဏ်ပြုပြောကြားသွားခဲ့ပါသည်။
ဂျပန်ပြန်မြန်မာပညာတော်သင်ဟောင်းများကလည်း ယခုအချိန်မှစ၍နောက်နောင်တွင်လည်း ဂျပန်နိုင်ငံနှင့်ဆက် လက်ပြီး ပူးပေါင်းကူညီဆောင်ရွက်သွားလိုကြောင်း
ဂျပန်ပြန်ပညာတော်သင်ပြန်ကျောင်းသားများကြားတွင်လည်း ယခုလိုမျိုး ပေါင်း စည်းတွေ့ဆုံမှု (Network) များဖန်တီးပေးနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံပွဲများမှာ မရှိမဖြစ်လိုအပ်လှကြောင်း ပြောကြားသွားခဲ့ပါသည်။ ထို့နောက်
JENESYS ၏ ကျောင်းသားများကလည်း ဂျပန်နိုင်ငံတွင်နေထိုင်ခဲ့ရစဉ်အတွင်းကြုံတွေ့ ခဲ့ရသည့်တန်းဖိုးရှိသောအတွေ့အကြံများ၊ ဗဟုသုတများနှင့် ပျော်ရွင်စရာများကိုလည်း အချင်းချင်းရင်းနှီးစွာပြောဆိုဆွေး နွေးသွားခဲ့ပါသည်။
ဂျပန်နိုင်ငံ၏မိတ်ဆွေရောင်းရင်းများ ဖြစ်လာခဲ့ကြတဲ့ မိမိတို့အနေဖြင့်အနေဖြင့် ဂျပန်မြန်မာချစ်ကြည် ရေးနှင့်အချင်းချင်းနားလည်မှုမြင့်တင်ရေး လုပ်ငန်းများအတွက် အားသွန်ခွန်စိုက်အကျိုးပြုဆောင်ရွက်သွားကြလိမ့်မည်ဟု
မျှော်လင့်ရပါသည်။
ဂျပန်ပညာတော်သင်ကျောင်းသားဟောင်းအများစုသည် မြန်မာပြည်ပြန်လာပြီးနောက်ပိုင်းတွင်လည်း ဂျပန်နိုင်ငံ၌ ရရှိခဲ့သောအတွေ့အကြုံအသိပညာများဖြင့် ကဏ္ဍအသီးသီးတွင် အကျိုးပြုလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိပါသည်။ ထို့အ ပြင် MAJA အသင်း၏လှုပ်ရှားမှုများတွင်လည်း အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဂျပန်မြန်မာချစ်ကြည်ရေးနှင့် အချင်းချင်းနားလည်မှုတိုးတက်စေရေး ကဏ္ဍများတွင်လည်း
အကျိုးပြုနိုင်ကြမည်ဖြစ်ပါသည်။
Grassroots Grant Assistance Scheme (GGA) အစီအစဉ်ဖြင့် မဟာဓမ္မစရိယ
ဘုန်းတော်ကြီးသင်မူလတန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား။
ဂျပန်နိုင်ငံအစိုးရသည် ၂၀၀၈ ခုနှစ်ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် Grassroots Grant Assistance Scheme (GGA) အစီအစဉ်အရ မဟာဓမ္မစရိယဘုန်းတော်ကြီးသင်မူလတန်းကျောင်းတွင်ကျောင်းဆောင်လုပ်ရန် အတွက် အမေရိကန်
ဒေါ်လာ ၇၆၉၉၆ $ ကို လှူဒါန်းထောက်ပံ့ရန် ချမှတ်ခဲ့ပါသည်။ ကျောင်းဆောင်ဆောက်လုပ် ပြီးစီးသွားပြီဖြစ်၍ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျောင်းဆောင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်။
ကျောင်းဆောင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ အတွင်းဝန် Mr.YoShiMuRa Fujiken တက်ရောက်ခဲ့ပြီးကျောင်းဖြစ် မြောက်ရေး အကျိုးဆောင်အဖွဲ့ဥက္ကဌ ဦးထွန်းအေးမှ
ကျေးဇူးတင်စကားပြောကြားပါသည်။ မဟာဓမ္မစရိယဘုန်း တော်ကြီး သင်မူလတန်းကျောင်းသည် ၁၉၉၃ ခုနှစ်မှစ၍ ဆင်းရဲချို့တဲ့ပြီး ကျောင်းမတက်နိုင်သော ကလေးသူငယ်များကို အခမဲ့ပညာ သင်ပေးခြင်းလုပ်ငန်း
စတင်ခဲ့တာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဤသို့သော ဘုန်းတောင်ကြီးသင်ကျောင်းများ (အများ အပြား) ရှိပြီးဆင်းရဲချို့တဲ့လှသော ကလေးသူငယ်များ၏ ပညာရေးအဆင့်အတန်းမြင့်မားစေရန် အားသွန်ခွန်စိုက်ဆောင် ရွက်လျက်
ရှိပါသည်။ ယခုအကြိမ် ဂျပန်အစိုးရအနေဖြင့် နှစ်ထပ်ကျောင်းဆောင်နှင့် စာသင်ခန်းသုံးပစ္စည်းများ၊ အိမ်သာ များကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ကလေးသူငယ်များ၏ ပညာရေးအဆင်ပြေချောမွေ့ကောင်းမွန်စေရန်ဆောင်ရွက်ခဲ့ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်ယခုအချိန်အထိ ကျောင်းပေါင်း ၁၆၀ ကျော်ကို ဆောက်လုပ်လှူဒါန်းခဲ့ပြီးပညာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီလျက် ရှိနေပါသည်။ ပညာရေးသည်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှ သော ကဏ္ဍတစ်ရပ် ဖြစ်သည်နှင့်အညီ ဂျပန်အစိုးရအနေဖြင့် ထပ်မံပြီး ကလေးသူငယ်များ၏ ပညာရေးဖွံ့တိုးတက်နိုင်စေရန် ဆက်လက် ထောက်ပံ့ကူညီသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့်ဆက်စပ်သက်ဆိုင်သော Website များ
http://www.myanmar-embassy-tokyo.net
http://www.myanmar.com/Ministry/
http://www.yjs.fc2web.com/
http://www.ascoja-maja.com/index.html
ဂျပန်အစိုးရနှင့်ဆက်စပ်သက်ဆိုင်သော Website များ
http://www.mofa.go.jp
http://www.kantei.go.jp
http://www.mofa.go.jp/mofaj/link/zaigai/index.html
http://www.kantei.go.jp
http://www.clb.go.jp/
http://www.jinji.go.jp/top.htm
http://www.coa.go.jp/
http://www.soumu.go.jp/
http://www.moj.go.jp/
http://www.moj.go.jp/
http://www.mext.go.jp/
http://www.mhlw.go.jp/
http://www.maff.go.jp/
http://www.meti.go.jp/
http://www.mlit.go.jp/
http://www.env.go.jp/
http://www.jbaudit.go.jp/
http://www.shugiin.go.jp/
http://www.sangiin.go.jp/
http://www.ndl.go.jp/
http://www.courts.go.jp/
http://www.boj.or.jp
ပူးပေါင်းဆောင်ရွက်ရေးအသင်းအဖွဲ့များ
http://www.jica.go.jp
http://www.jpf.go.jp
http://www.jetro.go.jp
http://www.jnto.go.jp
http://www.asiaseed.org/asiaseedhpg.htm
ဂျပန်သို့သွားရောက်ခြင်းနှင့်ပတ်သက်သော Website များ
http://www.coutoms.go.jp
http://www.maff-aqs.go.jp
http://www.sia.go.jp/e/
http://www.sia.go.jp/seido/kyotei/index.htm
http://www.anzen.mofa.go.jp/
သတင်းအချက်အလက်များစုစောင်းရရှိနိုင်သော Website များ
http://www.jin.jcic.or.jp
http://www.fpcj.jp
http://www.web.japan.org
http://www.nhk.or.jp/
http://www.nhk.or.jp/nhkworld/
http://www.nhk.or.jp/rj/
http://www.yellowpage-jp.com/
http://www.web-japan.org/kidsweb/meet/hellojapan/index.html
http://www.cofesta.jp
http://www.clair.or.jp/index.html